Saturday, October 18, 2008

မမေ့အပ်သောသမိုင်းဖြစ်ရပ်မှန်များ

လွတ်လပ်ပြီးအချုပ်အချာအာဏာပိုင်အမျိုးသားဘုရင့်နိုင်ငံတော်အဖြစ်နှစ်ပေါင်း(၅၀၀၀)
ကျော်တည်ရှိလာခဲ့သည့်ငါတို့၏အဖရခိုင်နိုင်ငံတော်သည်အေဒီ(၁ရ၈၄)ခုနှစ်ဒီဇင်ဘာလ
(၃၁)ရက်နေ့တွင်ဗမာပဒေသရာဇ်နယ်ချဲ့မောင်ဝိုင်းတပ်များကျူးကျော်သိမ်းပိုက်ခဲ့ရာမှအ
စပြု၍ကိုလိုနီကျွန်ဘ၀ကိုစတင်ကျရောက်ခဲ့ရသည်။အေဒီ(၁ရ၈၄)ခုဗမာပဒေသရာဇ်နယ်
ချဲ့တို့လက်အောက်သို့ကျရောက်ခဲ့စဉ်ကတည်းကစတင်၍ရခိုင့်နိုင်ငံပိုင်နက်အခြမ်းခြမ်းပြို
ကွဲခဲ့ရသည်။ရခိုင်ပြည်သူတို့၏အမျိုးသားစွမ်းအင်တစ်ခုလုံးလည်းပြိုကွဲခဲ့ရသည်။ဇာတိမာန်
တက်ကြွစေမည့်မြို့အင်္ဂါ၊ပြည်အင်္ဂါအမျိုးသားလက္ခဏာမှန်သမျှအားလုံးနာလန်ပြန်မထူနိုင်
အောင်မြေလှန်ဖျက်ဆီးခြင်းခံခဲ့ရသည်။မဟာမုနိဆင်းထုတော်၊နန်းစဉ်ရတနာများအားလုံး၊ နိုင်ငံပိုင်ရတနာများအားလုံး၊စစ်ပျူဟာကျမ်း၊ပိသုကာကျမ်း၊သင်္ချာကျမ်းများနှင့်စာပေအုပ်
မြစ်တစ်ခုလုံးဗမာပြည်သို့လုယက်ယူငင်သွားခြင်းနှင့်ဖျက်ဆီးခြင်းများကိုခံခဲ့ရသည်။
မှတ်တမ်းများအရ(၁ရ၈၄)ခုနှစ်မှ(၁ရ၈၈)ခုနှစ်အထိ(၄)နှစ်တာကာလအတွင်းဗမာတို့
လက်ချက်ကြောင်းရခိုင်ပြည်သူ(၂၅၀၀၀၀)ကျော်အသတ်ခံခဲ့ကြရသည်။(၁ရ၈၄)ခုနှစ်
မှ(၁၈၂၄)ခုနှစ်အထိနှစ်ပေါင်း(၄၀)အတွင်းရခိုင်ပြည်သူ(၉၀၀၀၀)ကျော်စစ်သုံ့ပန့်များ
အဖြစ်ဗမာပြည်သို့ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံခဲ့ကြရပြီးမင်းကွန်းခေါင်းလောင်းသွန်း
လုပ်ရာတွင်လည်းကောင်း၊မိတ္ထိလာကန်ဆည်ဖို့ရာတွင်လည်းကောင်း၊ယိုးဒယားသို့ဒုတိ
ယအကြိမ်ထပ်မံကျူးကျော်နယ်ချဲ့ရာတွင်လည်းကောင်းအတင်းအကျပ်ခိုင်းစေခဲ့ကြ
သည်။နှစ်(၄၀)အတွင်းစစ်ပြေးဒုက္ခသည်များအဖြစ်ဖြင့်ရခိုင်ပြည်သူ(၂၀၀၀၀၀)ကျော်
အနောက်ဘင်္ဂလားနယ်ထဲသို့ပြေးဝင်ခိုလှုံခဲ့ကြရသည်။
ဤသို့ဖြင့်မြောက်ဦးရွှေမြို့တော်ကျဆုံးပြီးနောက်(၁ရ၈၅)ခုနှစ်ဇန္န၀ါရီလ(၁)ရက်နေ့တွင်
ရခိုင့်နိုင်ငံတော်ကိုရခိုင်ပြည်သူများပြန်လည်ရယူနိုင်ရေးအတွက်တိုက်ပွဲစတင်ခဲ့သော
ကြောင့်ဤနေ့သည်ရခိုင့်အမျိုးသားတော်လှန်ရေးနေ့ဖြစ်လာခဲ့ရသည်။
တောင်မင်းကြီးကျော်ထွီးအစ၊ ဗိုလ်ချင်ပျံအလယ်၊ မင်းသားကြီးရွီဘန်းအဆုံးမျိုးချစ်အာ
ဇာနည်သူရဲကောင်းများသောင်းသိန်းမကကျူးကျော်သူဗမာနယ်ချဲ့တို့ကိုတော်လှန်ရင်း
ရခိုင်ပြည်လွတ်မြောက်ရေးတိုက်ပွဲများမှာအသက်ပေးဆပ်သွားခဲ့ကြရသည်။
ဤသမိုင်းဖြစ်ရပ်မှန်များကိုငါတို့မမေ့အပ်။
သမိုင်းမှန်ပျောက်လျှင်ဇာတိမာန်ပျောက်သည်။
ဇာတိမာန်ပျောက်လျှင်လူမျိုးပါပျောက်တတ်သည်။
ယင်းအတွက်ကြောင်းကမ္ဘာကြေသော်လည်းဥဒါန်းမကျေသောသွေးမော်ကွန်းသစ်ကိုရေး
ထိုးကြရမည်။ငါတို့၏စစ်ပွဲသည်သမိုင်းကတောင်းဆိုသောတရားသောစစ်ပွဲသာလျှင်ဖြစ်
သည်။အမှန်တရားသည်တနေ့မုချအောင်ပွဲခံရမည်။ ဖက်ဆစ်ဝါဒီများတစ်နေ့မုချကျဆုံး
စေရမည်။ ။
ရိုးမနီ [ရခိုင်ပြည်]