Sunday, October 19, 2008

မင်းသားကြီးရွီဘန်း၏သီတမ်းစာ

မင်းသားအမှန်၊ ငါလျှင်ကြံက၊
နိုင်ငံအတွက်၊ ကိုယ့်အသက်ကို၊
ရက်ရက်စွန့်ခွါ၊ ကုလားရွာ၌၊
ခန္ဒာရုပ်ဟောင်း၊ ဘ၀ပြောင်းလိမ့်၊
ဖြစ်ကြောင်းသံဿရာ၊ သတ္တ၀ါတို့၊
မှန်စွာမချွတ်၊ သူမသတ်လည်း၊
မလွတ်တခါ၊ သေအံ့ရာတည်း။
ကမ္ဘာတာရှည်၊ သူရို့သည်လည်း၊
အတည်မစိုး၊ ငါမြီထိုးသော်၊
အရိုးတခါ၊ တွန်လိမ့်ရာတည်း။
နောင်လာနောင်လူ၊ ရခိုင်သူရို့၊
အယူမစောင်း၊ ငါ့လမ်းကြောင်းကို၊
ကောင်းကောင်းလိုက်နာ၊ ပြည်ဓညာကို၊
တခါမုချ၊ ငါရို့ရအံ့၊
လုံ့လရှေ့သန်၊ လိုလျှင်ကြံက၊
နိဗာန်မချွတ်၊ လက်ဝါးခတ်သည်၊
စွဲမှတ်ဤစာ၊ သီတမ်းစာတည်း။ ။

အမျိုးသားတော်လှန်ရေးအာဇာနီခေါင်းဆောင်ကြီးမင်းသားကြီးရွီဘန်းသည်ခရစ်သက္ကရာဇ်
(၁၈၃ရ)ခုနှစ်တွင်ဗြိတိသျှနယ်ချဲ့တို့၏ဖမ်းဆီးမှု့ကြောင်းယခု(ဘင်္ဂလားဒေ့ရှ်)နိုင်ငံ၊ဒက္ကားမြို့
အနီးရှိကာလိန်ကိဒ်ထောင်တွင်အကျဉ်းကျခံနေရစဉ်နယ်ချဲ့အင်္ဂလိပ်တို့၏မတရားဖမ်းဆီးမှု့
ကိုမကျေနပ်၍အစာငတ်ခံဆန္ဒပြပြီးဖေါ်ပြပါရတုအားလက်မောင်းမှသွီးကိုဖောက်ထုတ်ပြီး
အကျဉ်းထောင်နံရံ၌အမျိုးသားတော်လှန်ရေးစစ်ပွဲလမ်းညွှန်အဖြစ်ရေးသားထားခဲ့သည်။
အစာငတ်ခံဆန္ဒပြ၍(၄၁)ရက်အကြာတွင်မင်းသားကြီးသည်အာဇာနည်ပီသစွာဖြင့်အကျဉ်း
ထောင်အတွင်း၌ကွယ်လွန်အနိစ္စရောက်ခဲ့ပေသည်။မင်းသားကြီးရွီဘန်းရေးထိုးထားခဲ့သော
ဤနီမောင်းရဲရင့်သောသွီးမော်ကွန်းရတုသည်ကားအမျိုးသားလွတ်မြောက်ရေးတော်လှန်
ရေးစစ်လွဲလမ်းညွှန်တေးသံအဖြစ်အဖိနှိပ်ခံရခိုင်အမျိုးသားတို့၏နှလုံးသည်းပွတ်တွင်မ
ပျောက်မပျက်အစဉ်ရှင်သန်နိုးကြားစိမ့်ဝင်လျှက်ရှိနေမည်ပင်ဖြစ်ပါသည်။ ။